`တီတီ..တီတီ´
alarm အသံနှင့်အတူ ကုတင်ပေါ်တွင်လူးလိမ့်......မျက်စိကားမဖွင့်သေး..
ခေါင်းအုံးအောက်မှ
ph ကို အရင်ဆုံး alarm ပိတ်လိုက်သည်။နောက် ၅ မိနစ်ခန့် ကြာသော် ကျွန်တော်၏အခန်း
ငယ်လေးသည် တဒင်္ဂ အားဖြင့်ဆူညံသွားခဲ့လေသည်။
အြော်..နံနက်ပေါင်းများစွာထဲမှ ထူးမခြားနားသောနံနက်...
ဝတ္တရားရှိတဲ့အတိုင်းတော့ ...ပြတင်းပေါက်ကိုဖွင့် ... အဖြူရောင်အငွေ့တွေ လွမ်းခြုံနေသော
အေးစက်စက်နံနက်ကြီး ကို .. မင်္ဂလာပါ ဟု နှုတ်ဆက် လိုက်တယ်..
ဒီအချိန်ဆိုရင်တော့ မွေးရပ်မြေ၏နံနက်သည် ကျေးငှက်သံတို့၏ တူရိယာသံအောက်တွင်နေခြည်
ပျိုတို့နှင့် ကကြိုးဆင်နေမှာ..
လွမ်းလိုက်တာ မွေးရပ်မြေရယ်....
နေခြည်ပျိုတွေရယ် လွမ်းလိုက်တာ..
အလွမ်းတွေမဆုံခင်ကျွန်တော်၏ စိတ်အစဉ်သည် လက်ရှိပစ္စုပ္ပာန်ဆီသို့ပြန်လည်ဆိုက်ရောက်လာကာ
......ဟူး.မျက်နှာမသစ်ရသေး....( )မလုပ်ရသေး .. ( ) မလုပ်ရသေး......နာရီကား
10း00 AM ...lecture ချိန်ကား 103း0 ..သွားပြီ..နောက်ကျပြီဆိုသောအသိနှင့်အတူကျွန်တော်သည်
ကား စက်ရုပ်တစ်ရုပ်နှယ်.....
အဆောင်အောက်အထိ ပြေးဆင်းလာခဲ့သည်.. စိတ်၏လောဆော်မှု ကြောင့် 12 ထပ် မှ အောက်အထိ
မည်သို့မည်ပုံ ဆင်းခဲ့သည်မသိ...သို့သော် .. ကျွန်တော်ကားအဆောင်အောက်သို့ ရောက်ခဲ့ လေပြီ....
အပူချိန်ကား -18 ..အေးခဲနေသောနှင်းထုကြီးအား ဂရုမစိုက်နိုင် ... သက်ပြင်းများကို ထုတ်ပိုး..စိုးရိမ်
စိတ်တွေကို ပွေ့ဖက်လျက်...ဘူတာဆီသို့..................
`တဂျိန်းဂျိန်း..တ၀ုန်းဝုန်း´ ရထားသံတွေကြား ကျွန်တော်၏မျက်ခွံ များသည် မိခင်ကမ္ဘာမြေကြီး၏ဆွဲအား
ကိုလွန်ဆန်ရန် အလို့ငှာ.....အပြင်းအထန် တိုက်ပွဲဝင် လျက်....တိုက်ပွဲကားပြင်းထန်နေလျက်..သူကနိုင်လျက်
ကိုယ်ကနိုင်လျက်.. ...
ရုတ်တရက်... အလွန်ရင်းနှီးသော ဘူတာနံမည် တစ်ခုကို ကြားလိုက်စဉ် ခဏ မျက်လုံးအစုံသည်ရုတ်တရက်
ပွင့်လာသည်...ကျောင်းဘူတာသို့ ရောက်ခဲ့ လေ ပြီ..
စုစုပေါင်း (7) ဘူတာ.
ှဓာတ်လှေကားတွင်ကား....လူတွေ..လူတွေ..
စိတ်ဓာတ်တွေအောင်ပြုတ်ကျကုန်ပြီ.....နောက်ကျရတဲ့အထဲ ဓာတ်လှေကားတွင်လည်းလူတွေများလိုက်တာ
ပထမလှေကား...ဟိုတိုးဒီတိုးနဲ့.....အပေါ်သို့ ရောက် သွားခဲ့သည်။
ဟူး..သက်ပြင်းသံနှင့်အတူ..ခြေလှမ်းများသည် ဒုတိယ လှေကားဆီသို့......
ကျွန်တော်၏ကျောင်းဘူတာသည် မြေအောက်တွင် တည်ရှိ လေသည်... ဒီနိုင်ငံ၏ ဘူတာတော်တော်များသည်
မြေအောက်တွင် တည်ရှိသည်..မြေပေါ်သို့ရောက်အောင် ဓာတ်လှေကား 2 ဆင့်စီးရ သည်..
ပုံမှန်အချိန်တွေဆိုရင် အေးဆေးစွာ လှေကားပ်ါတွင် အခန့်သား..အခုတော့ .အပြေးတပိုင်းနှင့်တက်ခဲ့ရသည်။
ချွေးများစို့ ပြီး သက့်ပြင်းတွေ ဆူညံလျက်...ဘူတာအထွက် တံခါးကိုဖွင့် လိုက်သည်..။
နှင်းစက်များက မျက်နှာဆီသို့ အေးမြသောလေနုအေးများကြောင့် ကျွန်တော်၏ စိတ်များကားလန်းဆန်း
တက်ကြွသွားသည်.။
ကြည့်ပါဦး..ကျွန်တော်၏ ကျောင်းတော်ကြီး၏ အရှေ့ဘက်ကွက်လပ်ကြီးတွင် ကား နှင်းများခဲနေလိုက်တာများ
အဖြူရောင်တိမ်တိုက် တွေထဲ လမ်းလျောက်ရသည့်နှယ်...
နှင်းစက်တွေ နှင့်အတူ အလှပြိုင်သူပန်းကလေးများကလည်း..style ပေါင်းများစွာနှင့် ....ကျွန်တော်၏အာရုံကို
စွဲဆောင်နေခဲ့သည်...မော်စကို ဆိုတဲ့ြ့မို့ကြီးတွင် နှင်းတွေ အရမ်းပေါပါသည်..နှင်းတွေနှင့်အတူ မိန်းမလှလေး
များလည်းပေါ ပါသည်..နှင်းတွေသာ ကျွန်တော်
ရင်ခွင်ကို ခဏခဏ ခလုတ်တိုက်ခဲ့တာ..သူတို့လေးတွေကျတော့ ..
တပွင့် မှကျွန်တော်ရင်ခွင်ကို ခလုတ်မတိုက်ပါ....မြှားနတ်မောင်ရယ် ..မင်းဘယ်ဆီကိုများရောကနေတာလဲ ?
မဆီမဆိုင် မြှားနတ်မောင်အား အပြစ်တင်လျက်... ကျောင်းထဲသို့ အပြေးတပိုင်းနဲ့ ၀င်ခဲ့သည်။အစောင့်အား
ကျောင်းသားကဒ်ပြ ပြီး lecture room ရှိရာ 4 ထပ် သို့အပြေးအလွား...
ကျွန်တော်၏ lecture room ရှေ့ သို့ ရောက်ခဲ့ ပါ ပြီ..နာရီလည်း 10း 40 ရှိနေပါပြီ..
မထူးတော့ပါ... ဟော ဟဲ ဆိုက်နေ သော ကျွန်တော်၏အသက်ရှူ သံ အားခဏထိန်းလိုက်ပါသည်.။တိတ်ဆိတ်နေသော စာသင်ခန်းမှ တချက်တချက် ဆရာမ ၏စာရှင်းပြသံကို
ကြားနေရ သည်...အားနာသည် ဆရာမကို..သို့သော်မတတ်နိုင်.. လုပ်ရိုးလုပ်စဉ်အတိုင်း.. အတတ်နိုင်ဆုံး
မျက်နှာအား အပြုံးရွင်ဆုံးထား...ဟုတ်ပြီ..အားလုံး ready ...စပြီ..
`ဒေါက်..ဒေါက်..ဒေါက်´ အသံနှင့်အတူ အခန်းတံခါးကို ဖွင့်လိုက်သည်...
အခန်းထဲတွင်ကား.....
ကျွန်တော်ပထမဆုံးရင်ဆိုင် လိုက်ရသည် မှာ..ဆရာမနှင့် ကျောင်းသူကျောင်းသားများ၏ မျက်လုံးများ..
အတတ်နိုင်ဆုံ.လေသံကို အချိုသာဆုံးအနေအထား တွင်ထား၍
`၀င်ခွင့်ပြုပါ´ဆိုသောအသံနှင့်အတူ..ဆရာမ၏ ဦးခေါင်းအညိမ့် ကို စောင့်နေလျက်..
ဆရာမ၏ဦးခေါင်းညိမ့်လျက်သည် နှင့်တပြိုင်နက်...
ကျွန်တော်သည် အောင်ပွဲရစစ်သူကြီးတဦးပမာ..ဘေးဘယ်ညာအားမကြည့်..ကျောင်းသူကျောင်းသားများ
အလယ် ရင်ကိုကော့..ဦးခေါင်းကိုမော့လျက်....
သို့သော် ကျွန်တော်၏ခြေလှမ်းများကား...နေရာလွတ်ရှိရာ
ဟို....နောက်ဆုံးတန်း ဆီသို့............။
..........စမ်းရေသံ.......9း25PM
မှတ်ချက်။.....။ ကျွန်တော်၏ တခါတရံ ကျောင်းနောက်ကျပုံအားခံစားဖော့်ပြသည်။
Thursday, 27 December 2007
ကျောင်းသား
Subscribe to:
Post Comments (Atom)
1 Comment:
Hello my gar,
very clever in writing poem.
so excitely to read your poem.
I feel I were with you by reading your poem
Post a Comment