ဆွံအခြင်းမျက်လုံးတွေနဲ့
လူမဆန်အသွင်အပြင်အောက်မှာ
ငါ..ဒူးတွေထောက်နေ့ရပါပေါ့လား
မြင်အောင်ကြည့်လိုက်စမ်းပါ
ရင်တွေတဖျန်းဖျန်းကွဲလိုက်ပုံများ
ခါးသက်သက်တစ်ည
အမှားအထပ်ထပ် ငါကျုံးယူရင်းနဲ့
ငါလည်းလူသားတစ်ယောက်ပဲ
သူများလောက်တော့ စိတ်ရှိပါသေးတယ်
ဒါကြောင့် ..အရောင်မဲ့အခန်းထဲမှာ
ဗြောင်ပဲ..တအားကျုံးအော်ပြစ်လိုက်တယ်
လှောင်တဲ့သူအားလုံးကို ဂရုမစိုက်ဘူး
အချစ်ဆိုတဲ့ သဘောကို
တုံးလွန်းတဲ့ငါ လုံးဝနားမလည်ခဲ့
နိဂုံးကျမှ(လေးဖြူဆိုတဲ့အတိုင်း )
အချစ်ရေ မင်းက..စုန်းမ..လို့
ငါမပြောရက်ပါဘူး
သူငယ်ချင်းကပြောတယ်
....မင်းရှုံးသွားပြီး....တဲ့
ဟုတ်တယ်.......
ဒါပေမယ့် ... သူမသိသေးတာက
ငါမင်းကို မုန်းလို့မှမရတော့တာ
အပြီးသတ်ကျတော့မှ
ကီးပျက်နေတဲ့ ဂစ်တာတလက်ကို
ဖီးတက်ကာ ဒဏ်ရာဗရပွတွေနဲ့
သီးသန်းကဗျာတစ်ပုဒ် စပ်လိုက်တယ်
အချစ်ရေ... မင်းက ဗီးနပ်စ် အလှဘုရား..
ဒီနေ့ည ကြယ်တွေစုံတယ်
ဟာတာတာ ခံစားချက် နဲ့
ဝါတာတာ လမင်းကြီးကို မော့ကြည့်တော့
ချစ်ရေ.... မင်းဖြစ်နေတယ်..
မရေရာဖြစ်နေမှာဆိုးလို့
ဇဝေဇ၀ါနဲ့
နေရာပြောင်းရွေ့ ကြည့်တော့လဲ
သေချာတယ် ..မင်းမှ မင်းပဲ
ဘ၀မှာမကြုံစဖူး
ခံစားမှု အထူထူးကို
မင်းဆီက သင်ယူခွင့်ရတာ
စိတ်ချမ်းသာစရာတော့ ကောင်းပါရဲ့
ဒါပေမယ့် ငါက
ထိတ်တန်းကဗျာဆရာ တစ်ယောက်မှမဟုတ်တာ
ဒီတော့မိန်းကလေးရေ.....
ရိပ်ဖမ်းသံဖမ်းလောက်တော့ ပြောပြခဲ့ပါဦးကွာ။.................။
............စမ်းရေသံ.........
Wednesday, 5 March 2008
သင်ခန်းစာ
Posted by February's Notes at 03:24 0 comments
Labels: Poem
Subscribe to:
Posts (Atom)