Monday 17 March 2008

ခွဲခွာခြင်း

တိတ်ဆိတ်ခြင်းက
ငါတို့နှစ်ဦးကြား အဓိပွါယ်ကိုယ်စီတွေနဲ့
တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းတွေက
လျှံကျလာမဲ့ စကားလုံးတွေအတွက်
သံစဉ်မညီညာလိုက်တာ......

ဆွံအခြင်းရှေ့မှောက်က
ငါတို့နှစ်ဦးဟာ သက်ပြင်းတွေထုတ်ပိုးထား
အေးဆက်ဆက်လက်တွေကတော့ ပွေ့ဖက်ထားဆဲ
ခွဲခွာချိန် မျက်ဝန်းတွေအတွက်တော့
ကာရန်မညီလိုက်တာ.......

အလွမ်းတွေ ကြားက
ရုန်းထွက်ကြဦးစို့...ချစ်သူ
မာနတွေအောက်က ဒို့နှစ်ယောက်အတွက်တော့
မျဉ်းပြိုင်ဆိုတဲ့ အခြေနေကမဆန်းပါဘူး
အဖော်မဲ့တမ်းချင်းအတွက်တော့
ကဝေဆန်အောင် လှပနေလိုက်တာ.....။
(18.3.2008)23း3AM

......စမ်းရေသံ......


ကျဆုံခြင်း အကြောင်းတရား

ကျေးဇူးပြုပြီး ငါ့ကို
တည်တည်ကြီး စိုက်ကြည့်မနေပါနဲ့
ငါ့အမြင်တွေေ၀၀ါးလာလို့ပါ…….။

ရက်စက်လိုက်တာ
အဲဒီလောက်ကြီးမပြုံးပါနဲ့ကွာ
ဟိုမှာ….ပန်းပွင့်တွေသိမ်ငယ်လို့
ခေါင်းငုံ ကုန်ပြီ…….။

ဖြစ်နိုင်ရင် မင်းစကားလုံးတွေ
ခဏလောက် ရပ်ထားပေးပါ
ငါအသက်ရူ ကြပ်လာလို့…..။

ငါ့ကို တကယ်သနားရင်
မင်းရဲ့ အနမ်းတွေသိမ်းပေးထားပါ
ခံနိုင်ရည်မရှိဘဲ
ငါ…..လဲကျသွားမှာစိုးလို့ပါ ။…………………….။

(9.2.2007) 12:38AM

.........စမ်းရေသံ......

 

blogger templates | Make Money Online