Thursday, 27 December 2007

Interesting Story

Sometimes you read something it makes you stop and think ........
and then you want to share it with everyone you care about .
please read this and share it with the people you love .......


There was a blind girl who hated herself just because she was blind.she hated everyone ,except her loving boyfriend.He was always there for her.She said that if she could only see the world , she would marry her boyfriend.
One day, someone donated a pair of eyes to her and then she could see everything, including her boyfriend.Her boyfriend ask her,"now that you can see the world ,will you marry me ?"The girl was shocked when she saw that her boyfriend was blind too , and refused to marry him.
Her boyfriend walked away in tears, and later wrote a letter to her saying.
"JUST TAKE CARE OF MY EYES PLEASE."

There is how humans change when their status changes .Only few remember what life was before , and who has always been there in the most painful situations.

နေ့သစ်နံက်ခင်း

အရေးမကြီးလျှင် အခန်းတံခါး မခေါက်ပါနှင့်
ငါ ဆက်အိပ် ပါရစေ ...
မနေ့တညလုံး ပုလင်းတစ်လုံးနဲ့ နပန်းလုံး
နံက်ရောက်တော့ ငါရှုံးသွားတယ် ... ....
ခေါင်းတွေအုံခဲလို့ ပြသနာတော့ မရှိပါဘူး
သူငယ်ချင်းရဲ့ ဘလက်ကော်ဖီတစ်ခွက်နဲ့
ဆက်မိုက်ရဲတယ် ....
သွားပွတ်တံနဲ့ သဘက်ယူပြီး
အခန်းတခါးကိုဖွင့် ပြင်ပလေတချို့နဲ့
မိတ်ဆက် ... ...
ယနေ့ဆိုတာကြီးကို နှုတ်ခွန်းဆက်လိုက်တယ်.
မင်္ဂလာပါ ... ... ...

... စမ်းရေသံ ......

ဒီလိုပါပဲ

ကျိုးပဲ့နေတဲ့ကုတင်ထဲကထွက်
၂၀၀ တန်သွားတိုက်ဆေးနဲ့
မုသာဝါဒတွေပလုပ်ကျင်း
ခါးသက်သက်ကော်ဖီ ၁ ခွက်နဲ့မနက်ခင်းကို ကြိုဆိုတယ်
အတင်းအဖျင်းတွေနားမထောင်
ဖော်မြူလာတွေအဖြေမထုတ်
မသိခြင်းတွေကိုပုစ္ဆာမလုပ်ပဲ
ဆေးပေါ့လိပ်ကို မီးရှို့ရင်း
နာရီ လက်တံတွေကိုဆွဲချတယ်
စီးကရက် ၁ လိပ်..၁၀၀ တန် တစ် ရွက်
ချိုင်းကြားညှက်ပြီး သူငယ်ချင်း ၃ ယောက်နဲ့
သမာရိုးကျ ကော်ဖီ ၁ ခွက်သောက်ရင်း
ညနေခင်းကို လိုက်ပို့တယ်
မျက်နှာဖုံးနဲ့လူတွေငိုကြတော့
ကျွန်တော်တို့ ဟားတိုက်ကြ
နေမင်းကြီးကတည်ငြိမ်စွာနဲ့ ပြောသွာတယ်
ဒီလိုပဲပေါ့ကွာ တဲ့။........။




ကျွန်တော် သူငယ်ချင်း ၁ ယောက်ရဲ့ ကဗျာလေးပါ.....၂၀၀၄ ခုနှစ် က ရေးထားတာ ပါ။
.........စမ်းရေသံ..........

မှတ်တိုင်များ

ဟိုအရင်တခါ မီးလျှံများဆီမှ
မျှော်လင့်ခြင်းသံစဉ်များ
ငယ်ရွယ်ပျိုမြစ်မှူရဲ့
တောက်ပမှူရနံများ
အိမ်မက် မှူးမှူးညများမှ
လွင့်ပြန်လာသော ပုံရိပ်ကြွေများ
ရွက်တိုင်ကျိုးပျက်ခဲ့သော
မျောလွင့်ခြင်း ကမ်းပျောက် ည များ
ဝင်မပြိုင်ပါပဲလျက်
တစ်မှတ်လျှော့ ရှုံးနိမ့်ခဲ့ရသော ပြိုင်ပွဲများ.
......................................................
.......................................................
........................................................
နွေထွေးသော တနင်္ဂနွေများမှ
ပြုံးရောင်သန်းနေသော မျက်ဝန်းများ
သိမ်းဆည်းထားခဲ့ရသော ရင်ခုန်သံအပိုင်းအဆများ
ဝေးလွင့်ခဲ့ရသော ခွဲခွာ ခြင်းမှတ်တိုင်များမှ
ပြန်လည် အသက်ဝင်ခဲ့သော
နေမ၀င် သော မနက် ဖြန်များ
ကျော်ဖြတ် မရနိုင်သော ဘ၀စာမျက်နှာများ
ဘ၀စာမျက်နှာများ။............။


............စမ်းရေသံ.......

ဆန်းစသော်တာ

မေမေ........
ကျွန်တော်ဟာ စကားပွင့်လေးဖြစ်သွားတယ်ဆိုပါဆို့
(ပျက်ရယ်ပြောတာပါ)
စကားပင်ရဲ့ ကိုင်းမြင့်တစ်ခုထက်မှာပေါက်ပြီး
လေထဲမှာတလှုပ်လှုပ်နဲ့ ရယ်လို့မောလို့........
ပုရစ်ဖူးလေးတွေပေါ်မှာ ကခုန်နေရင်း
ကျွန်တော်ကိုသိပါ့မလား....မေမေ......
`လူလေးရေ မင်းဘယ်မှာလဲ......´လို့

မေမေကခေါ်တော့
ကျွန်တော်ကြိတ်ရီးပြီး...
တိတ်တိတ်လေးနေမှာပေါ့..........
ပွင့်ချပ်လေးတွေကိုအသာလှုပ်ပြီး
မေမေ..အလုပ် လုပ်နေတာကို ချောင်းကြည့်မယ်.....
မေမေ ..ရေချိုးပြီး
ဆံပင်ဖားလျားနဲ့
စကားပင်ရိပ်အောက်ကဖြတ်ပြီး
ဘုရားရှီခိုးတဲ့မြေကွပ်လပ်လေးကိုသွားတော့
စကားပန်းရနံလေးကို မေမေ ရလိမ့်မယ်.......
ဒါပေမယ့်ကျွန်တော်ဆီက လာတဲ့
ပန်းရနံဆိုတာကိုတော့ မေမေ သိမှာမဟုတ်ဘူး။
နေ့လည်စာ စားပြီးလို့
မေမေ ပြတင်းပေါက်နားထိုင်ပြီး
တရားစာအုပ်ဖတ်တော့
စကားပင်အရိပ်ဟာ...
မေမေ ကိုယ်ပေါ်ကျတော့
ကျွန်တော်ကမေမေ ဖတ်နေတဲ့ စာလုံးလေးပေါ်
ကျွန်တော်အရိပ်လေးနဲ့ကာပေးမယ်...
မေမေ..မျက်လုံးမကျိန်းအောင်လို့ပေါ့
ဒါပေမယ့်......
မေမေ သားငယ်ရဲ့အရိပ်လေးလို့
မေမေ တွေးမိပါ့မလား....
ညနေစောင်းတဲ့အခါ
မီးတိုင်လေးကိုကိုင်ပြီး
နွားတင်းကုတ်ကို မေမေ သွားတော့
ကျွန်တော်........
မြေကြီးပေါ်ဖြုတ်ကနဲကြွေကျလာပြီး.....
မေမေ..လူလေးပြန်လုပ်မှာပေါ့.
အဲဒီတော့မှ......
မေမေ ...ကိုပုံပြောခိုင်းမယ်..
`ဘယ်သွားနေလဲ လူရှုပ်လေး´လို့
မေမေ က မေးလာခဲ့ရင်
မေမေ့ရင်ခွင်ထဲတိုးပြီး
`မပြောဘူးမေမေ´လို့
ကျွန်တော်ဖြေမယ်လေ......။


မူရင်းကဗျာ...........ရာဘင်ဒရာနတ်တဂိုး
....စမ်းရေသံ....

ကျောက်ရုပ်

အပြုံးအရယ်မရှိလို့
လူရိုင်းလို့တော့မထင်လိုက်ပါနဲ့
ဘယ်ဘက်ရင်အုံမှာ
ခံစားတတ်တဲ့ နှလုံးသားတစ်စုံရှိတယ်.
ရုးမိုက်မှုတစ်ခုကြောင့်
ယုံကြည်မှူတွေပျောက်ဆုံး
နောက်ဆုံးတော့
ချစ်တယ်...ဆိုတဲ့စကားကို
ရဲရဲ မပြောဝံတဲ့ ကောင်ပါ.....။


...........စမ်းရေသံ......

သီအိုရီ

လေမှလွင့် ပြန်လာသော
လေပြည်၏ ရနံများနှင့်အတူ
သစ်ရွက်များ ရော်ဝါခဲ့လေသည်
ထို့အတူ....
အချိန်၏တိုက်စားမှုဖြစ်
ရင့်မာသွားသော
နှလုံးသား၏အောက်တွင်
ကျွန်တော်၏မျက်ရည်များလည်း
ခမ်းခြောက်ခဲ့လေသည်....


...........စမ်းရေသံ..........

ချဉ်ခြင်းတစ်စုံရဲ့ မနက်ဖြန်

ကျော်လွန်ခဲ့တဲ့နှစ်( ) ကိုပြန်ကြည့်
မင်းအတွက်ဘယ်သူတွေ ပျော်ခဲ့ဘူးလဲ
မင်းအတွက် ဘယ်သူတွေ ငိုခဲ့ဘူးလဲ

မင်းဘာတွေရခဲ့ပြီလဲ
မင်းဘာတွေပေးဆပ်ခဲ့လဲ
ဆေးကောင်းတစ်ခွက်အတွက်
ခါးသက်တဲ့အရသာနဲ့
သင်ခန်းစာတစ်ခုအတွက်
မင်း ... ဒဏ်ရာတွေ ရှိရင်ရှိခဲ့မယ်
ဒါပေမယ့်
မနက်ဖြန်တွေမှာ
မင်းအတွက် ပခုံးတစ်ဖက်
မင်းရဲ့မျက်ရည်တွေ သုတ်ဖို့ လက်တစ်စုံ နဲ့
မင်းတစ်ယောက်နားခိုဖို့ရာ ရင်ခွင်တစ်စုံဟာ
စောင့်ကြိုနေလေ ရဲ့..။ 03:45 (am)



...............စမ်းရေသံ........
သူငယ်ချင်း တစ်ယောက် ရဲ့ မွေးနေ့ လက်ဆောင် ကဗျာ လေးပါ


ကျောင်းသား

`တီတီ..တီတီ´
alarm အသံနှင့်အတူ ကုတင်ပေါ်တွင်လူးလိမ့်......မျက်စိကားမဖွင့်သေး..


ခေါင်းအုံးအောက်မှ
ph ကို အရင်ဆုံး alarm ပိတ်လိုက်သည်။နောက် ၅ မိနစ်ခန့် ကြာသော် ကျွန်တော်၏အခန်း
ငယ်လေးသည် တဒင်္ဂ အားဖြင့်ဆူညံသွားခဲ့လေသည်။
အြော်..နံနက်ပေါင်းများစွာထဲမှ ထူးမခြားနားသောနံနက်...
ဝတ္တရားရှိတဲ့အတိုင်းတော့ ...ပြတင်းပေါက်ကိုဖွင့် ... အဖြူရောင်အငွေ့တွေ လွမ်းခြုံနေသော
အေးစက်စက်နံနက်ကြီး ကို .. မင်္ဂလာပါ ဟု နှုတ်ဆက် လိုက်တယ်..
ဒီအချိန်ဆိုရင်တော့ မွေးရပ်မြေ၏နံနက်သည် ကျေးငှက်သံတို့၏ တူရိယာသံအောက်တွင်နေခြည်
ပျိုတို့နှင့် ကကြိုးဆင်နေမှာ..
လွမ်းလိုက်တာ မွေးရပ်မြေရယ်....
နေခြည်ပျိုတွေရယ် လွမ်းလိုက်တာ..
အလွမ်းတွေမဆုံခင်ကျွန်တော်၏ စိတ်အစဉ်သည် လက်ရှိပစ္စုပ္ပာန်ဆီသို့ပြန်လည်ဆိုက်ရောက်လာကာ
......ဟူး.မျက်နှာမသစ်ရသေး....( )မလုပ်ရသေး .. ( ) မလုပ်ရသေး......နာရီကား
10း00 AM ...lecture ချိန်ကား 103း0 ..သွားပြီ..နောက်ကျပြီဆိုသောအသိနှင့်အတူကျွန်တော်သည်
ကား စက်ရုပ်တစ်ရုပ်နှယ်.....
အဆောင်အောက်အထိ ပြေးဆင်းလာခဲ့သည်.. စိတ်၏လောဆော်မှု ကြောင့် 12 ထပ် မှ အောက်အထိ
မည်သို့မည်ပုံ ဆင်းခဲ့သည်မသိ...သို့သော် .. ကျွန်တော်ကားအဆောင်အောက်သို့ ရောက်ခဲ့ လေပြီ....
အပူချိန်ကား -18 ..အေးခဲနေသောနှင်းထုကြီးအား ဂရုမစိုက်နိုင် ... သက်ပြင်းများကို ထုတ်ပိုး..စိုးရိမ်
စိတ်တွေကို ပွေ့ဖက်လျက်...ဘူတာဆီသို့..................
`တဂျိန်းဂျိန်း..တ၀ုန်းဝုန်း´ ရထားသံတွေကြား ကျွန်တော်၏မျက်ခွံ များသည် မိခင်ကမ္ဘာမြေကြီး၏ဆွဲအား
ကိုလွန်ဆန်ရန် အလို့ငှာ.....အပြင်းအထန် တိုက်ပွဲဝင် လျက်....တိုက်ပွဲကားပြင်းထန်နေလျက်..သူကနိုင်လျက်
ကိုယ်ကနိုင်လျက်.. ...
ရုတ်တရက်... အလွန်ရင်းနှီးသော ဘူတာနံမည် တစ်ခုကို ကြားလိုက်စဉ် ခဏ မျက်လုံးအစုံသည်ရုတ်တရက်
ပွင့်လာသည်...ကျောင်းဘူတာသို့ ရောက်ခဲ့ လေ ပြီ..
စုစုပေါင်း (7) ဘူတာ.
ှဓာတ်လှေကားတွင်ကား....လူတွေ..လူတွေ..
စိတ်ဓာတ်တွေအောင်ပြုတ်ကျကုန်ပြီ.....နောက်ကျရတဲ့အထဲ ဓာတ်လှေကားတွင်လည်းလူတွေများလိုက်တာ
ပထမလှေကား...ဟိုတိုးဒီတိုးနဲ့.....အပေါ်သို့ ရောက် သွားခဲ့သည်။
ဟူး..သက်ပြင်းသံနှင့်အတူ..ခြေလှမ်းများသည် ဒုတိယ လှေကားဆီသို့......
ကျွန်တော်၏ကျောင်းဘူတာသည် မြေအောက်တွင် တည်ရှိ လေသည်... ဒီနိုင်ငံ၏ ဘူတာတော်တော်များသည်
မြေအောက်တွင် တည်ရှိသည်..မြေပေါ်သို့ရောက်အောင် ဓာတ်လှေကား 2 ဆင့်စီးရ သည်..
ပုံမှန်အချိန်တွေဆိုရင် အေးဆေးစွာ လှေကားပ်ါတွင် အခန့်သား..အခုတော့ .အပြေးတပိုင်းနှင့်တက်ခဲ့ရသည်။
ချွေးများစို့ ပြီး သက့်ပြင်းတွေ ဆူညံလျက်...ဘူတာအထွက် တံခါးကိုဖွင့် လိုက်သည်..။
နှင်းစက်များက မျက်နှာဆီသို့ အေးမြသောလေနုအေးများကြောင့် ကျွန်တော်၏ စိတ်များကားလန်းဆန်း
တက်ကြွသွားသည်.။
ကြည့်ပါဦး..ကျွန်တော်၏ ကျောင်းတော်ကြီး၏ အရှေ့ဘက်ကွက်လပ်ကြီးတွင် ကား နှင်းများခဲနေလိုက်တာများ
အဖြူရောင်တိမ်တိုက် တွေထဲ လမ်းလျောက်ရသည့်နှယ်...
နှင်းစက်တွေ နှင့်အတူ အလှပြိုင်သူပန်းကလေးများကလည်း..style ပေါင်းများစွာနှင့် ....ကျွန်တော်၏အာရုံကို
စွဲဆောင်နေခဲ့သည်...မော်စကို ဆိုတဲ့ြ့မို့ကြီးတွင် နှင်းတွေ အရမ်းပေါပါသည်..နှင်းတွေနှင့်အတူ မိန်းမလှလေး
များလည်းပေါ ပါသည်..နှင်းတွေသာ ကျွန်တော်
ရင်ခွင်ကို ခဏခဏ ခလုတ်တိုက်ခဲ့တာ..သူတို့လေးတွေကျတော့ ..
တပွင့် မှကျွန်တော်ရင်ခွင်ကို ခလုတ်မတိုက်ပါ....မြှားနတ်မောင်ရယ် ..မင်းဘယ်ဆီကိုများရောကနေတာလဲ ?
မဆီမဆိုင် မြှားနတ်မောင်အား အပြစ်တင်လျက်... ကျောင်းထဲသို့ အပြေးတပိုင်းနဲ့ ၀င်ခဲ့သည်။အစောင့်အား
ကျောင်းသားကဒ်ပြ ပြီး lecture room ရှိရာ 4 ထပ် သို့အပြေးအလွား...
ကျွန်တော်၏ lecture room ရှေ့ သို့ ရောက်ခဲ့ ပါ ပြီ..နာရီလည်း 10း 40 ရှိနေပါပြီ..
မထူးတော့ပါ... ဟော ဟဲ ဆိုက်နေ သော ကျွန်တော်၏အသက်ရှူ သံ အားခဏထိန်းလိုက်ပါသည်.။တိတ်ဆိတ်နေသော စာသင်ခန်းမှ တချက်တချက် ဆရာမ ၏စာရှင်းပြသံကို
ကြားနေရ သည်...အားနာသည် ဆရာမကို..သို့သော်မတတ်နိုင်.. လုပ်ရိုးလုပ်စဉ်အတိုင်း.. အတတ်နိုင်ဆုံး
မျက်နှာအား အပြုံးရွင်ဆုံးထား...ဟုတ်ပြီ..အားလုံး ready ...စပြီ..
`ဒေါက်..ဒေါက်..ဒေါက်´ အသံနှင့်အတူ အခန်းတံခါးကို ဖွင့်လိုက်သည်...
အခန်းထဲတွင်ကား.....
ကျွန်တော်ပထမဆုံးရင်ဆိုင် လိုက်ရသည် မှာ..ဆရာမနှင့် ကျောင်းသူကျောင်းသားများ၏ မျက်လုံးများ..
အတတ်နိုင်ဆုံ.လေသံကို အချိုသာဆုံးအနေအထား တွင်ထား၍
`၀င်ခွင့်ပြုပါ´ဆိုသောအသံနှင့်အတူ..ဆရာမ၏ ဦးခေါင်းအညိမ့် ကို စောင့်နေလျက်..
ဆရာမ၏ဦးခေါင်းညိမ့်လျက်သည် နှင့်တပြိုင်နက်...
ကျွန်တော်သည် အောင်ပွဲရစစ်သူကြီးတဦးပမာ..ဘေးဘယ်ညာအားမကြည့်..ကျောင်းသူကျောင်းသားများ
အလယ် ရင်ကိုကော့..ဦးခေါင်းကိုမော့လျက်....
သို့သော် ကျွန်တော်၏ခြေလှမ်းများကား...နေရာလွတ်ရှိရာ
ဟို....နောက်ဆုံးတန်း ဆီသို့............။



..........စမ်းရေသံ.......9း25PM

မှတ်ချက်။.....။ ကျွန်တော်၏ တခါတရံ ကျောင်းနောက်ကျပုံအားခံစားဖော့်ပြသည်။

မျက်ဝန်းနက်တစ်စုံ

မိုးရာသီနေ့တစ်နေ့........`ဂျိန်း...´သိကြားမင်းရဲ့တောက်ခေါက်သံနှင့်အတူ...

ပတ်ဝန်းကျင်တစ်ခုလုံးအခိုက်တန့်အားဖြစ်လင်းလက်သွားလေ
သည်။တွေးလက်စအာရုံထဲမှ သူမရုပ်ပုံလွာသည်..ရုတ်တရက်.ဖြတ်ကနဲ...
အတိတ်စာမျက်နှာများ တစ်ရွက်ပြီးတစ်ရွက်.....
သူမဟာ...ကွှန်တော်ကိုငယ်စဉ်ကတည်းကပင်...မျက်ဝန်းနက်
တစ်စုံဖြင့်ဖမ်းစားခဲ့ကြောင်း ကို အခုသိခဲ့ရလေပြီ။အခုမျက်မှောက် ခောတ်တွင်လည်...........ကျေနပ်စွာကျဆုံးနေလျက်.။မူလတန်းကျောင်းသားဘ၀ ကျွန်တော်ကျောင်းတက်ပျော်ခဲ့သည်။ကျောင်းရောက်လျင်..မျက်ဝန်းနက်နက်နှင့်ဆုံမည်..
အဲဒီလောက်ဖမ်းစားနိုင်သည်။ရင်ခုန်တယ် ဆိုတာ ဘာမှန်းမသိသေးသော အရွယ်ကပင်...
သူမ ကျွန်တော် ရင်ခုန်သံတွေကိုခိုးယူသွားခဲ့လေသည်။
ကျွန်တော်မှာ သူများတွေလို လေတိုက်လို့သစ်ရွက်ကြွေတဲ့အခါရင်ခုန်တယ်ဆိုတဲ့အရသာကို ကောင်းကောင်းမခံစားလိုက်ရပါဘူး
ခံစားဖို့နေနေသာသာ..အဲဒီမျက်ဝန်းနက် ရဲ့အကြည့်တွေလွဲသွားမှာစိုးတဲ့အတွက်..
သူမ ကိုအာရုံစိုက် နေလိုက်တာ မျာ...နာရီတွေဘယ်လိုကုန်သွားလဲ...မမေးနဲ့ ကျွန်တော်မသိဘူး..
ရာသီတွေဘယ်လို ပြောင်းသွားလဲ..စိတ်မ၀င်စားဘူး...အဲဒီလိုနဲ့ ပေါ့ဗျာ.....၈တန်းမှာ သူမ ကျွန်တော့်ချစ်သူဖြစ်လာတယ်....စာမေးပွဲနောက်ဆုံးဖြေတဲ့ရက်...ချစ်တယ်..တဲ့..သူမက ပြန်ပြောတော့....အဲဒီအချိန်..ကျွန်တော်.ဘာဖြစ်သွားမှန်းကျွန်တော်ကိုယ်ကွှန်တော်မသိခဲ့ပါဘူး...
သေချာတာတော့ရှိတယ်...
ဒီလိုအမှတ်တရဖြစ်မဲ့အချိန်မှာ...အမှတ်တရဖြစ်မဲ့ဟာကို လုပ်တာပေါ့...ကျွန်တော်ကလည်းလူလည်ပဲကို...
သူမတော့မသိဘူး...ရင်တွေခုန်လိုက်တာများ....ပြောမနေနဲ...
သူမခေါင်းလေးငုံပြီးပြေးသွားတဲ့အချိန်...
ပတ်ဝန်းကျင်ကို တချက်လောက် အကဲခတ် လိုက်တယ်...
အစကတော့သူမနဲ့တျွန်တော် ၂ ယောက်ပဲသိတယ် ထင်နေတာ...
ဘယ်ကသာ.....
မှန်းချက်မကိုက်လိုက်ဘူး..
ပန်းပွင့်တွေဆို..ခေါင်းကိုမဖော်ဘူး..
လိပ်ပြာလေးတွေကတော့ပြုံးစိပြုံးစိ နဲ့...
ဒီကြားထဲ..နေမင်းကြီး ရဲ့မှက်ချက်ချ သံကိုကြားလိုက်တယ်...
.`ဒီကောင်လေး..လူသာငယ်တယ်..ဇ ကမငယ်ဘူးတဲ့ဗျာ.....´
ကျွန်တော်အပြန်လမ်းမှာတော့သူမရဲ့သနပ်ခါးရနံတွေတွဲခိုရင်းနဲ့ပေါ့
ဒီလိုနဲ့....နာရီလက်တံတွေကို တွဲခိုရင်း ....ရာသီတွေကို ဖြတ်ကျော်ခဲ့တယ်..
ကျွန်တော်ကတော့ သူမအကြည့်တွေကို..တစ်နေ့တစ်မျိုးမရိုးရလေအောင်..ဘာသာပြန်ရင်းနဲ့ပေါ့.....
state ကျောင်းသားဘ၀တုန်းကတော့ sat & sun ကို တော်တော် မုန်းခဲ့တာ...
အဲဒီနေ့တွေမှာ မျက်ဝန်းနက်နဲ့ဝေးခဲ့ရလို့လေ.....
မကြာပါဘူး.....အမိကျောင်းတော်ကြီးလဲရောက်ရော....
sat & sun ဆိုရင်တက်ကြွတဲ.ခြေလှမ်းတွေနဲ....
လေလိုင်းထဲမှာ သူမအသံချိုချိုလေးတွေနဲ့....နှလုံးသားအဟာရဆက်ခဲ့ရတယ်..
`ကလင်..ကလင်.´မြည်တိုင်း ဂရေဟမ်ဘဲလ် ကို ကျေးဇူးတင်တယ်....
ကောင်မလေးရယ်....
ချစ်ခဲ့တဲ့အကြောင်းတွေပြန်စဉ်းစား
လွမ်းမောခဲ့ရတဲ့နေ့တွေအတွက်
သတိရမှုတွေအတိုးချ
ပြောဘူးခဲ့ကတိစကားတွေကိုပြန်အောက်မေ့...
ချစ်ခဲ့တဲ့အချစ်တွေကတော့
ငါ့ရာဇ၀င်မှာ
ထုထည်အကြီးမားဆုံးပါပဲ..

........စမ်းရေသံ........

 

blogger templates | Make Money Online