Tuesday 1 July 2008

သေဆုံးခြင်း

အဲဒီနေ့က ကောင်းကင်ကြီးအလွမ်းတွေနဲ့ အုံမိုင်းနေတယ်
အဲဒီနေ့က ရင်ထဲမှာ မိုးရွာနေတယ်
အဲဒီနေ့ ကချစ်သူမရှိဘူး
အဲဒီနေ့က သီချင်းမဆိုဘူး
အဲဒီနေ့ က ကဗျာမရေးဘူး
အဲဒီနေ့ က ကျောင်းမတက်ဘူး
အဲဒီနေ့ က မီးမလာဘူး
အဲဒီနေ့ က အလွမ်းမရှိဘူး
အဲဒီနေ့က ရက်ရာဇာမဟုတ်ဘူး
အဲဒီနေ့ က ပုံမပြောဘူး
အဲဒီနေ့ ကဆေးလိပ်မသောက်ဘူး
အဲဒီနေ့ က ဖိနပ်မပါဘူး
အဲဒီနေ့က ရေမသောက်ဘူး
အဲဒီနေ့ က လူတွေမနည်းဘူး
အဲဒီနေ့ ကအမှောင်ထုထဲ တစ်မတ်စေ့နဲ့ခရီးထွက်
အဲဒီနေ့ က (ငါ).အသက်မရှိခဲ့ဘူး..။ (1:27)AM

………………………………..စမ်းရေသံ……………..(၂.၇.၀၈)



0 Comments:

 

blogger templates | Make Money Online