Wednesday 19 March 2008

အပိုင်းအဆများ-၁

မွန်းကျပ်ကျပ် အခန်း…သောက်လက်စ ဆေးလိပ်တိုများ..ပုလင်းခွံများ tablelampတစ်ခု ခပ်စုတ်စုတ် ကွန်ပြူတာတစ်စုံ ကြိုးပဲ့နေတဲ့နားကြပ် အချိန်၏တိုက်စားမှုကြောင့်ရင့်မှာသွားသော နှလုံသားတစ်စုံ
ကံကြမ္မာအရ ဖြစ်ချင်တာမဖြစ်ရတဲ့ ဘ၀မှာ .. ကံကြမ္မာအလိုအရ လိုက်ပါမျောနေသော..
ပျော့ညံညံ အတွေးအခေါ် များနဲ့ ….. … ..ကုန်ဆုံးသွားတဲ့ နေ့တွေကတော့ ပုံမှန်ပါပဲ …သမာရိုးကျ theory တစ်ခုလိုပါပဲ နံနက်ခင်းအလင်းရောင်တွေပျောက်ဆုံးပြီ.ညတွေအကြောင်းသိခဲ့ရတွေနေ့တွေ က ..January က နေ December ကြားလူးလားခေါက်ပြန်ပေါ့ …နာရီမရှိ. ပြက္ခတိန်မရှိ ခဲ့ ဘူး
တစ်ခါတစ်ခါ ညတွေက အထီးကျန်ဆန် ခဲ့ပြီး..တစ်ခါတစ်ခါ ညတွေမှာ တော့ ..cheer’ ဆိုတဲ့
ဖန်ခွက်တိုက်သံတွေ..တပိုင်းတဆရင်ခုန်သံတွေနဲ့ ..မီးခိုငွေ့တွေကြားမှာ .. ပါးစပ်နဲ့ရယ် ရတဲ့ ရယ်သံတွေ ပါသလို ရံဖန်ရံခါတော့ ရင်ဘတ်နဲ့ ရယ်ရတာတွေရှိခဲ့ဘူးတယ် .. ပါးစပ်နဲ့ စကားပြောခဲ့သလို ရင်ဘတ်ချင်းလည်းစကားပြောခဲ့ဘူးတယ်….ခါးသက်သက်ကော်ဖီတခွက်နဲ့ နေ့လည်တွေကို အစာကျွေးဖူးခဲ့တယ်။ အစာအိမ်ဟောင်းလောင်းနဲ့ ညတွေ ကျော်ဖြတ်ဖူးတယ် ။
တစ်ယောက်တည်းအချိန်တွေမှာတော့သံစဉ်တွေကိုအဖော်လုပ်တယ်..သံစဉ်တွေနဲ့မလုံလောက်တဲ့အခါ.. ကဗျာတွေအန်ချတယ် .. ရင်ခုန်သံအတုတွေအတွက် မုသာဝါဒတွေ ပလုတ်ကျင်းခဲ့ဘူးတယ်
အတိသယ၀ုတ္တိ အင်္လကာအသုံးများတဲ့ အတွက် ကိုယ်ကို ကို စကားလုံးချိုးဖောက်မှုဖြင့် တရားစွဲဆိုခြင်းခံရဘူးတယ် ..ကဗျာတစ်ပုဒ်အတွက် နံနက်ခင်းအလင်းရောင်ကို မြင်ခဲ့ဖူးတယ် ..
စိတ်ကူးတွေထဲကအနာဂတ်တွေထဲမှာ ကက်စ်ထရို .ချီကွေဗားရား တို့လို ကြီးကျယ်ခဲ့ဖူးတယ်..
ရာဘင်ဒရာနတ်တဂိုးလို .. ထိတ်တန်း ကဗျာဆရာကြီးဖြစ်ဘူးတယ် …
ဖြစ် ချင်ဖြစ်လို့ရတဲ့ စိတ်ကူးတွေအတွက် .. ဦးနှောက်မရှိတဲ့ အချိန်မှာ ကျေးဇူးတင်ခဲ့ဖူးတယ်
ရေရေရာရာမရှိတဲ့အတွေးတွေဦးတည်ရာမဲ့ရည်ရွယ်ချက်တွေမညီမျှတဲ့ ကံကြမ္မာတွေ ကြားမှာတော့ ..သေချာတာတစ်ခုတော့ရှိခဲ့ဖူးတယ် ။။
ယောင်္ကျားမာန..ပစ္စည်းမဲ့မာနတွေ အတွက် ဘယ်တော့မှ အောက်ကျ မခံခဲ့ဘူး.။

စမ်းရေသံ…5း49pm (19.3.08)



0 Comments:

 

blogger templates | Make Money Online