Thursday 27 December 2007

နေ့သစ်နံက်ခင်း

အရေးမကြီးလျှင် အခန်းတံခါး မခေါက်ပါနှင့်
ငါ ဆက်အိပ် ပါရစေ ...
မနေ့တညလုံး ပုလင်းတစ်လုံးနဲ့ နပန်းလုံး
နံက်ရောက်တော့ ငါရှုံးသွားတယ် ... ....
ခေါင်းတွေအုံခဲလို့ ပြသနာတော့ မရှိပါဘူး
သူငယ်ချင်းရဲ့ ဘလက်ကော်ဖီတစ်ခွက်နဲ့
ဆက်မိုက်ရဲတယ် ....
သွားပွတ်တံနဲ့ သဘက်ယူပြီး
အခန်းတခါးကိုဖွင့် ပြင်ပလေတချို့နဲ့
မိတ်ဆက် ... ...
ယနေ့ဆိုတာကြီးကို နှုတ်ခွန်းဆက်လိုက်တယ်.
မင်္ဂလာပါ ... ... ...

... စမ်းရေသံ ......

2 Comments:

GreenGirl said...

ချစ်သူငယ်ချင်းကြီး... ဒီကဗျာကိုမြင်တော့ နင့်ကိုငါသတိရတယ်။ ဟိုးအရင်က အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို မတွေ့ရတာ နှစ်ပေါက်ပြီနဲ့ တူပါရဲ့။ ဒီကဗျာလေးကို ဘလော့ခ်ပေါ် မရောက်ခင်ကတည်းက ငါသိခဲ့တယ်။ နင့်ရဲ့ ရင်ဘတ်ထဲက ကဗျာလေးတွေကို ခံစားပေးချင်ပါသေးတယ် သူငယ်ချင်း...

Lei Thandar said...

nice one =]

 

blogger templates | Make Money Online