Thursday 27 December 2007

ဒီလိုပါပဲ

ကျိုးပဲ့နေတဲ့ကုတင်ထဲကထွက်
၂၀၀ တန်သွားတိုက်ဆေးနဲ့
မုသာဝါဒတွေပလုပ်ကျင်း
ခါးသက်သက်ကော်ဖီ ၁ ခွက်နဲ့မနက်ခင်းကို ကြိုဆိုတယ်
အတင်းအဖျင်းတွေနားမထောင်
ဖော်မြူလာတွေအဖြေမထုတ်
မသိခြင်းတွေကိုပုစ္ဆာမလုပ်ပဲ
ဆေးပေါ့လိပ်ကို မီးရှို့ရင်း
နာရီ လက်တံတွေကိုဆွဲချတယ်
စီးကရက် ၁ လိပ်..၁၀၀ တန် တစ် ရွက်
ချိုင်းကြားညှက်ပြီး သူငယ်ချင်း ၃ ယောက်နဲ့
သမာရိုးကျ ကော်ဖီ ၁ ခွက်သောက်ရင်း
ညနေခင်းကို လိုက်ပို့တယ်
မျက်နှာဖုံးနဲ့လူတွေငိုကြတော့
ကျွန်တော်တို့ ဟားတိုက်ကြ
နေမင်းကြီးကတည်ငြိမ်စွာနဲ့ ပြောသွာတယ်
ဒီလိုပဲပေါ့ကွာ တဲ့။........။




ကျွန်တော် သူငယ်ချင်း ၁ ယောက်ရဲ့ ကဗျာလေးပါ.....၂၀၀၄ ခုနှစ် က ရေးထားတာ ပါ။
.........စမ်းရေသံ..........

1 Comment:

dihlaine said...

G O O D tal !

 

blogger templates | Make Money Online