Monday 17 March 2008

ကျဆုံခြင်း အကြောင်းတရား

ကျေးဇူးပြုပြီး ငါ့ကို
တည်တည်ကြီး စိုက်ကြည့်မနေပါနဲ့
ငါ့အမြင်တွေေ၀၀ါးလာလို့ပါ…….။

ရက်စက်လိုက်တာ
အဲဒီလောက်ကြီးမပြုံးပါနဲ့ကွာ
ဟိုမှာ….ပန်းပွင့်တွေသိမ်ငယ်လို့
ခေါင်းငုံ ကုန်ပြီ…….။

ဖြစ်နိုင်ရင် မင်းစကားလုံးတွေ
ခဏလောက် ရပ်ထားပေးပါ
ငါအသက်ရူ ကြပ်လာလို့…..။

ငါ့ကို တကယ်သနားရင်
မင်းရဲ့ အနမ်းတွေသိမ်းပေးထားပါ
ခံနိုင်ရည်မရှိဘဲ
ငါ…..လဲကျသွားမှာစိုးလို့ပါ ။…………………….။

(9.2.2007) 12:38AM

.........စမ်းရေသံ......

0 Comments:

 

blogger templates | Make Money Online